မိတ္ထီလာ ဇန်နဝါရီ ၂၈
မိတ္ထီလာမြို့နယ် သမဝါယမအသင်းစု(လီမိတက်)၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့နံနက် ၁ဝ နာရီက မြို့နယ်သမဝါယမအသင်းစု(လီမိတက်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အတည်ပြုဆုံးဖြတ်
အစည်းအဝေးတွင် မြို့နယ်သမဝါယမအသင်းစု(လီမိတက်)ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက သဘာပတိအဖြစ် ဆောင်ရွက်ပြီး အမှာစကား ပြောကြားသည်။ ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းဇော်ဦးက သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များကို ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌ ဦးထွန်းလှိုင်နှင့် မြို့နယ်သမဝါယမဦးစီးဌာနဦးစီးအရာရှိ ဦးမြင့်လွင်တို့က အမှာစကားပြောကြားသည်။ ထို့နောက် ရှေ့လုပ်ငန်းစဉ်နှင့် ဆွေးနွေးချက်များအား ဆုံးဖြတ်အတည်ပြုရန် အမှုဆောင်က ရှင်းလင်းတင်ပြခဲ့ကြပြီး တက်ရောက်လာသော အသင်းဝင်ကိုယ်စားလှယ်များက ကန့်ကွက်ရန်မရှိ အတည်ပြုဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ချမ်းသာ(မိတ္ထီလာ)


