သီပေါ ဇန်နဝါရီ ၂၈

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ် ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယအသင်းလီမိတက်၏ သမဝါယမအသင်းများ ပြန်လည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်းသားကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ဇန်နဝါရီ ၂၆ ရက်က အဆိုပါအသင်းရုံးခန်းမ၌ ပြုလုပ်သည်။

 

ဦးစွာ အသင်းဥက္ကဋ္ဌ ဦးတင်မောင်မောင်က အသင်း၏ ၁၅ လတာကာလအတွင်း အသင်းလုပ်ငန်းများ ရပ်ဆိုင်းခြင်းမရှိဘဲ အသင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်းဆွေးနွေးပြီး မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရတနာဝင်းက အသင်းလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးသည်။

 

ဆက်လက်၍ ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်မိုးက အသင်းသားများကိုယ်စား အသင်းပြန်လည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အကြံပြုဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)