ပြင်ဦးလွင် ဇန်နဝါရီ ၂၈

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ပြင်စာကျေးရွာ အနောက်ဘက် နှစ်မိုင်ခန့်အကွာရှိ ကြိုးပြင်ကာကွယ်တောတွင် လမ်းသွားလမ်းလာတစ်ဦးက မီးရှို့ခဲ့သဖြင့် ဇန်နဝါရီ ၂၇ ရက်တွင် တောမီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

အဆိုပါ တောမီးလောင်ကျွမ်းမှု ဖြစ်ပွားသည့် နေရာသို့ ပြင်ဦးလွင်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ  လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ဟန်နီသင်း ဦးဆောင်သော  အဖွဲ့သည် ရတနာပုံမြို့သစ် နယ်မြေမီးသတ် စခန်း၊  သစ်တောဦးစီးဌာန၊ ပြင်စာကျေးရွာ အုပ်ချုပ်ရေးမှူးတို့နှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ရာ မီးလောင်သည့် မြေနေရာ ငါးဧကခန့် လောင်ကျွမ်းခဲ့သည်။

ထို့နောက် အလားတူ ဖြစ်စဉ်မျိုးမဖြစ်စေရန် ပြင်စာကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကျေးရွာသူ ကျေးရွာသားများအား လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ဟန်နီသင်းက “မီးခိုးမြူငွေ့အန္တရာယ် ကာကွယ်ရေးတို့များ ဝိုင်းဝန်း ဆောင်ရွက်ပေး ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။ 

ခရိုင်(ပြန်/ဆက်)