ချောက် ဇန်နဝါရီ ၂၈

 

မကွေးတိုင်းဒေသကြီး ချောက်မြို့၌ ဆန်၊ ဆီများကို‌‌ သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ ရောင်းချမှု ရှိ၊ မရှိ ကွင်းဆင်းစစ်‌ဆေးခြင်းများကို ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလွင် ဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးနှင့် ကုန်စျေးနှုန်း တည်ငြိမ်ရေးအဖွဲ့များက ကွင်းဆင်း ကြီးကြပ်ခြင်းများ ဆောင်ရွက်သည်။

 

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့ပေါ်ရှိ ဆန်စပါး သိုလှောင်ရုံများ၊ ဆန်ဆိုင်များနှင့် ဆီဆိုင်များ၏ ဈေးနှုန်းဈေးကွက်နှင့် စီးဝင်/စီးထွက်စာရင်းများ၊ MyRo တွင် မှတ်ပုံတင်ထားသည့် ဆန်စပါး သိုလှောင်ရုံများ၏ ကုန်ရ/ကုန်ထုတ် လက်ကျန်စာရင်းများ ရေးသွင်းထားခြင်း ရှိ၊ မရှိနှင့် Update စာရင်းရေးသွင်းနိုင်ရေး မှာကြားခြင်း၊ ဆန်များ‌နှင့်ဆီများကို အခြားအမျိုးမတူများနှင့် ရောနှော၍ ရောင်းချခြင်း မရှိ‌စေရေး၊ ဈေးနှုန်းမြှင့်တင် ရောင်းချမှုမရှိစေရေး၊ အပတ်စဉ် ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်းရှိ၊ မရှိနှင့် အလေးချိန်မှန်ကန်မှုရှိစေရေး၊ ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြခြင်း ရှိ၊ မရှိတို့ကို စစ်ဆေးခဲ့ပြီး သတ်မှတ်အရည်အသွေး ပြည့်မီသော ကုန်စည်များကိုသာ ရောင်းချ​ရေး၊ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရေး အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

မြတ်မြတ်မိုး(DOCA Chauk)