ရန်ကုန် ဇန်နဝါရီ ၂၉

 

လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှကြီးမှူး၍ ဆယ်ကျော်သက်များအား မျိုးပွားကျန်းမာရေး၊ ကိုယ်ဝန်ဆောင်ခြင်း၏ အကျိုးဆက်များနှင့် ပျိုရွယ်သူများအား အရေးပေါ်သန္ဓေတားဆေးနှင့်ပတ်သက်၍ မှန်ကန်သော အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ် အမှတ်(၁၂)ရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်သည်။

 

ဦးစွာ ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌက အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဦးစီးဌာနမှူးက အမျိုးသမီးများ ကျန်းမာရေးဆိုင်ရာ သိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)