အင်္ဂပူ ဇန်နဝါရီ ၂၉
ကာကွယ်ဆေး လွှမ်းခြုံမှုအားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့် လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး အသိပညာပေးဆွေးနွေးပွဲကို ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။
ရှင်းလင်းပြောကြား
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးပပစိုးရီက ကာကွယ်ဆေးထိုးလုပ်ငန်းနှင့် ပတ်သက်၍ လက်ရှိဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားကာ ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းဆိုင်ရာမှတ်တမ်း Video Clip ကို ပြသသည်။
အခမ်းအနားသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်သန္တာဌေးနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
မန်းကျော် (ပြန်/ဆက်)


