နေပြည်တော် ဇန်နဝါရီ ၂၉

 

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်(နေပြည်တော်) အောင်မြင်စွာ ကျင်းပနိုင်ရေး သတင်း၊ ပြန်ကြားရေးနှင့် ဖျော်ဖြေရေးလုပ်ငန်းကော်မတီ၏ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်း၌ ကျင်းပသည်။

 

တက်ရောက်

အစည်းအဝေးသို့ သတင်း၊ ပြန်ကြားရေးနှင့် ဖျော်ဖြေရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ လုပ်ငန်းကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် လုပ်ငန်းကော်မတီအတွက် သတ်မှတ်ပေးအပ်ထားသော လုပ်ငန်းတာဝန်များ ကဏ္ဍအလိုက် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး၊ ဖျော်ဖြေရေးလုပ်ငန်းများအတွက် သတ်မှတ်နေရာ၌ စင်မြင့်ဆောက်လုပ်မှုနှင့် ဖျော်ဖြေမှုများ စနစ်တကျ ဖြစ်စေရေး၊ ပွဲတော်နှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်များကို ပြည်သူများ သိရှိနိုင်ရန် Billboard များ စိုက်ထူသွားရေး၊ ပြည်သူများ ကြိုတင်သိရှိနိုင်ရန် ရုပ်မြင်သံကြား၊ သတင်းစာနှင့် အွန်လိုင်းများတွင် စတင် ဖော်ပြနိုင်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

 

ကျင်းပသွားမည်

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်(နေပြည်တော်)ကို ဖေဖော်ဝါရီ ၈ ရက်မှ ၁၂ ရက်အထိ နေပြည်တော် ပြည်သူ့ရင်ပြင်၌ ကျင်းပသွားမည်ဖြစ်ရာ ပြခန်းခင်းကျင်းပြသမှုများအပြင် ဖျော်ဖြေတင်ဆက်မှုများနှင့် ပျော်ပွဲရွှင်ပွဲများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်