ရန်ကုန် ဇန်နဝါရီ ၂၉
ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် သစ်တောဦးစီးဌာနက ကျေးရွာနေပြည်သူများအား မီးခိုးမြူငွေ့ ညစ်ညမ်းမှု ဆက်စပ်ပုံနှင့် လေထုညစ်ညမ်းမှုကြောင့် လူသားတို့၏ လူမှုစီးပွားဘဝများ ထိခိုက်နိုင်မှုများကို သိရှိနားလည် စေရန်ရည်ရွယ်၍ သစ်တောထိန်း သိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့ လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီ ၂၇ ရက်က အတွင်း ရေကျော်ကျေးရွာတွင် ပြုလုပ်သည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ် သစ်တောဦးစီးဌာန ဦးစီးဌာနမှူး ဦးနိုင်လင်းထွန်းက သစ်တောသစ်ပင်များအကြောင်း၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်များအကြောင်း၊ မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေး ဆောင်ရွက်နေမှု အခြေအနေများ၊ သစ်တောများ ထိန်းသိမ်းရေးအကြောင်းနှင့် သစ်တောမှ ပေးစွမ်းနိုင်သော အကျိုးကျေးဇူးများအကြောင်း တို့ကို တက်ရောက်လာကြသည့် ကျေးရွာနေပြည်သူများအား အသိပညာပေး ဟောပြောသည်။
ထို့နောက် တက်ရောက်လာကြသည့် ကျေးရွာနေပြည်သူများက မိမိတို့ သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ မြို့နယ်ဦးစီးဌာနမှူးက ပြန်လည်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)


