နေပြည်တော် ဇန်နဝါရီ ၂၉
ပညာရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ စုပေါင်းထမနဲထိုးပြိုင်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)၌ စည်ကား သိုက်မြိုက်စွာ ကျင်းပသည်။
ဦးစွာ ဦးစီးဌာနအလိုက် ဝန်ထမ်းများက သီချင်းများဖြင့် သီဆိုယှဉ်ပြိုင်ကြသည်။ ထို့နောက် ထမနဲထိုး ပြိုင်ပွဲကို စတင်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးရုံး ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနရှစ်ခုနှင့် Naypyitaw State Academy တို့မှ စုစုပေါင်းအသင်း ၁၀ သင်းတို့က မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာအတိုင်း တပျော်တပါး ပါဝင်ယှဉ်ပြိုင်ကြသည်။
ပြိုင်ပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချောချောစိန်၊ ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာန များမှ ညွှန်ကြားရေးမှူးချုပ်များ၊ Naypyitaw State Academy ပါမောက္ခချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ၊ ဝန်ထမ်းမိသားစုများက ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ ဝန်ကြီးများ၊ ဦးစီးဌာနများမှ ညွှန်ကြားရေး မှူးချုပ် များနှင့် တာဝန်ရှိသူများက ထမနဲထိုးပြိုင်ပွဲနှင့်သီချင်း ဆိုပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိခဲ့ကြသည့် အသင်းများအား ဂုဏ်ပြုဆုများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


