ဘားအံ ဖေဖော်ဝါရီ ၁
ကရင်ပြည်နယ် ဘားအံမြို့၌ စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ (လေ့လာစောင့်ကြည့်ရေးနှင့် သုတေသနအဖွဲ့)နှင့် ကရင်ပြည်နယ်အတွင်းရှိ စားအုန်းဆီဖြန့်ဖြူးနေသည့် ကုမ္ပဏီ/ လက်လီ၊ လက်ကားကိုယ်စားလှယ်များ တွေ့ဆုံပွဲ၊ ကရင်ပြည်နယ် ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း ပြင်ဆင်ဖွဲ့စည်းခြင်း အခမ်းအနားကို ဇန်နဝါရီ ၂၉ ရက် နံနက်ပိုင်းက ဘားအံမြို့တော်ဝင်ရတနာခန်းမ၌ ကျင်းပသည်။
ဦးစွာ ကရင်ပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမောင်မောင်ဇော်တို့က စားသုံးဆီသိုလှောင် တင်သွင်းဖြန့်ဖြူးရောင်းချခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသည့် ကရင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့် စားအုန်းဆီ ဖြန့်ဖြူးနေသည့် ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ၊ လက်ကားကိုယ်စားလှယ်များက ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး ကရင်ပြည်နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ရွေးချယ်တင်မြှောက်ပွဲအခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


