ငပုတော ဖေဖော်ဝါရီ ၁
ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် နိုင်ငံတစ်ဝန်း ကာကွယ်ဆေးထိုးလွှမ်းခြုံမှုပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့် လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပေးဆွေးနွေးခြင်းကို ဇန်နဝါရီ ၃၀ ရက် နံနက်ပိုင်းက ကျင်းပသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦးက အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ သန့်ဇော်မြင့်က ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းနှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများအကြောင်းကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းဆိုင်ရာ မှတ်တမ်း Video Clip ကို ပြသခဲ့ကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)


