ရန်ကုန် ဖေဖော်ဝါရီ ၁

 

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အမျိုးသမီးရေးရာအဖွဲ့က ကြီးမှူးကျင်းပသော ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ဇန်နဝါရီ ၂၉ ရက်က အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း အားကစားခန်းမ၌ ကျင်းပသည်။

 

ဦးစွာ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ရွှေယမင်းဦးက အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဝင်းမူက ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနှင့် သာယာလှပရေး အသိပညာပေး အကြောင်းအရာများ ဟောပြောသည်။ ဆက်လက်၍ မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ လက်ထောက်အုပ်ချုပ်ရေးမှူး ဦးခင်ဇော်အောင်က သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းရေးဆိုင်ရာ အသိပညာပေး ဟောပြောသည်။

 

ထို့နောက် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အခြေခံပညာအထက်တန်းကျောင်း အမှတ်(၁)မှ ကျောင်းသား ကျောင်းသူများအား အချိုရည်နှင့် မုန့်များ ပေးဝေခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)