ရန်ကုန် ဖေဖော်ဝါရီ ၁
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်ပညာရေးမှူးရုံး၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်လုံးဆိုင်ရာ ပညာရည်ချွန်ဆုချီးမြှင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက စုပေါင်းရုံးမြို့နယ်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားကို မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးကြည်ထွန်းက မြို့နယ်လုံးဆိုင်ရာ ပညာရည်ချွန်ဆုချီးမြှင့်ပွဲ ကျင်းပရခြင်းရည်ရွယ်ချက်နှင့် ထူးချွန် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုစကားပြောကြားသည်။
ထို့နောက် တစ်မြို့နယ်လုံးရှိ ကျောင်းများမှ ဘက်စုံထူးချွန်ဆုရရှိကြသည့် ကျောင်းသား ကျောင်းသူများအား ဆုများချီးမြှင့်ပေးကြပြီး ထက်၊ လယ်၊ မူ ကျောင်းသား ကျောင်းသူများက ကျောင်းအလိုက် ကပြသီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


