ပေါက်ခေါင်း ဖေဖော်ဝါရီ ၁
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်တွင် ကြံသီးနှံစိုက်ဧကအားလုံး ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်ရေးအတွက် နည်းပညာပေး ဆွေးနွေးပွဲကို ဇန်နဝါရီ ၃၁ ရက်က အင်ငါးခွကျေးရွာအုပ်စု၌ ကျင်းပသည်။
နည်းပညာပေးဆွေးနွေး
ဦးစွာ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးရုံးမှ ဦးစီးအရာရှိ ဒေါ်ဇာဇာထွန်း ဦးဆောင်သော ပညာရှင်အဖွဲ့နှင့် ပြည်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်သီးနှံ ကာကွယ်ရေးတာဝန်ခံ ဦးမင်းဇော်ဦး ဦးဆောင်သော ပညာရှင်အဖွဲ့တို့က ပေါက်ခေါင်းမြို့နယ်မှ ကြံစိုက်တောင်သူကြီးများ၊ ကြံခုတ်သည့် အလုပ်သမားများကို ကြံသီးနှံ စိုက်ဧကအားလုံး ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်စေရေးအတွက် ကြံခုတ်သိမ်းနည်းစနစ် မှန်ကန်စွာ ဆောင်ရွက်နိုင်ရေး၊ ကြံခုတ်သိမ်းမှု ကျွမ်းကျင်လုပ်သားများ ဖြစ်ပေါ်လာစေရေးနှင့် လမိုင်း အထူးအထွက်တိုးရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များကို နည်းပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


