မကွေး ဖေဖော်ဝါရီ ၁
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ၊ ဆုချီးမြှင့်ပွဲနှင့် မီးပုံးပျံလွှတ်တင်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် မကွေးမြို့ မြသလွန်စေတီတော် ဘုရားပွဲတော်ကွင်းပြင်၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အသင်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ကြည့်ရှုအားပေး
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်း ၁၃ သင်း၏ တပျော်တပါး ထမနဲထိုးယှဉ်ပြိုင်နေမှုနှင့် ပြိုင်ပွဲဝင်အသင်းကိုယ်စားပြု အကအဖွဲ့များ၏ ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးကြသည်။
ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲ ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ထမနဲထိုးပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ စတုတ္ထဆုနှင့် နှစ်သိမ့်ဆုရရှိသော ပြိုင်ပွဲဝင်အသင်းများအား ဆုငွေများ ပေးအပ်ချီးမြှင့်ကာ ဗလာမပါ ကံစမ်းမဲများ ဖွင့်ဖောက်ပေးကြသည်။
ညပိုင်းတွင် မီးပုံးပျံလွှတ်တင်ပွဲကို ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဧည့်ပရိသတ်များနှင့်အတူ စိန်နားပန် မီးပုံးပျံ လေးလုံး၊ ညမီးကြီးမီးပုံးပျံ တစ်လုံးနှင့် မီးပုံးပျံငယ် ၃၀၀ တို့ကို မီးထွန်းညှိ၍ လွှတ်တင်ပေးခဲ့ကြကြောင်း သိရသည်။
မောင်ခိုင်မင်း(ပြန်/ဆက်)


