ဆီဆိုင် ဖေဖော်ဝါရီ ၂

 

ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းခြင်းနှင့် မီးခိုးမြူငွေ့ လျှော့ချရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းရှိ ယုဇနခန်းမ ၌ ကျင်းပသည်။

 

အသိပညာပေး ဟောပြောပွဲတွင် မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုးမင်းပိုင်က သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းခြင်းနှင့် မီးခိုးမြူငွေ့လျှော့ချရေးအကြောင်းများကို လည်းကောင်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်မျိုးလှိုင်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေးအကြောင်းများကိုလည်းကောင်း အသိပညာပေး ဟောပြောကြပြီး တက်ရောက်လာကြသည့် ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြရာ တာဝန်ရှိသူတို့က ပြန်လည် ဆွေးနွေးဖြေကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)