နေပြည်တော် ဖေဖော်ဝါရီ ၃
၂၀၂၆ ခုနှစ် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်မည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြုယဉ်ကျေးမှုအဖွဲ့များသည် ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်စည်ပင်ဧည့်ရိပ်သာသို့ ဆက်လက်ရောက်ရှိလာရာ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပရေး ယဉ်ကျေးမှုအဖွဲ့များ ကြိုဆိုနေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေး ဆပ်ကော်မတီအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက နွေးထွေးလှိုက်လှဲစွာ ကြိုဆိုနှုတ်ဆက်ကြသည်။
ဖြည့်ဆည်းဆောင်ရွက်
ယနေ့တွင် ရှမ်းပြည်နယ် ကိုယ်စားပြုရောက်ရှိလာသည့် အုပ်ချုပ်သူတစ်ဦး၊ အမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၂၁ ဦး စုစုပေါင်း ၄၀၊ မွန်ပြည်နယ် ကိုယ်စားပြုရောက်ရှိလာသည့် အုပ်ချုပ်သူတစ်ဦး၊ အမျိုးသားငါးဦး၊ အမျိုးသမီး ၃၁ ဦး စုစုပေါင်း ၃၇ ဦး ကရင်ပြည်နယ် ကိုယ်စားပြုရောက်ရှိလာသည့် အုပ်ချုပ်သူတစ်ဦး၊ အမျိုးသား ၂၂ ဦး၊ အမျိုးသမီး ၁၇ ဦး စုစုပေါင်း ၄၀၊ ကယားပြည်နယ်ကိုယ်စားပြု ရောက်ရှိလာသည့် အုပ်ချုပ်သူတစ်ဦး၊ အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၁၇ ဦး စုစုပေါင်း ၃၅ ဦး ရောက်ရှိလာရာ တာဝန်ရှိသူများက အိုးစည်၊ ဒိုးပတ်များဖြင့် ကြိုဆိုနှုတ်ဆက်ကြပြီး တည်းခိုနေထိုင်မည့် အိပ်ဆောင်များတွင် စနစ်တကျနေရာချထားပေးကာ အဖွဲ့လိုက် နံနက်စာ၊ နေ့လယ်စာနှင့် ညစာကျွေးမွေးမှုများတွင် လစ်ဟင်းမှုများမရှိစေရေးနှင့် တည်းခိုနေထိုင်စဉ် ကာလအတွင်း အဆင်ပြေချောမွေ့စေရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


