မင်းလှ ဖေဖော်ဝါရီ ၃

 

ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက လက်ဆက်အုပ်စု စိန်ကန့်လန့်ကျေးရွာတွင် ယနေ့နံနက်ပိုင်းက ငှက်ဖျားရောဂါနှင့် ပတ်သက်၍ ကျန်းမာရေး အသိပညာပေးသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ လှဝင်း၏ ကြီးကြပ်မှုဖြင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ဒေသခံပြည်သူများအား ငှက်ဖျားရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပြီး ငှက်ဖျားရောဂါပိုး ရှိ/မရှိ သွေးဖောက် စစ်ဆေးပေးရာ ငှက်ဖျားပိုး မတွေ့ရှိကြောင်းနှင့် အသိပညာပေး ဟောပြောပွဲ တက်ရောက်လာသည့် ဒေသခံပြည်သူများအား ဆေးစိမ်ခြင်ထောင်များ ဖြန့်ဝေပေးခဲ့သည်။

မြို့နယ်(ပြန်/ဆက်)