သထုံ ဖေဖော်ဝါရီ ၃

 

သထုံမြို့နယ်၏ (၇၉)ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကို သထုံမြို့နယ် တမံကြီးရှိ သုခါရာမ(မွန်)ကျောင်း၌ ဖေဖော်ဝါရီ ၂ ရက်က ကျင်းပသည်။

 

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးမင်းတင်နွယ်၊ သုဝဏ္ဏဝတီမြို့ အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်ဝင်း၊ မြို့နယ်မွန်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ တက်ရောက်လာကြသည့် မွန်၊ ကရင်၊ ပအိုဝ်း၊ ရခိုင်၊ ဗမာ စသည့်တိုင်းရင်းသားများက မွန်အမျိုးသားအလံတော်ကို လွှင့်ထူအလေးပြုကြသည်။

 

ယင်းနောက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းထံမှ (၇၉)နှစ်မြောက် မွန်အမျိုးသားနေ့သို့ ပေးပို့သည့်သဝဏ်လွှာကို မြို့နယ်မွန်အမျိုးသားနေ့ ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးမင်းတင်နွယ်က ဖတ်ကြားခြင်း၊ ဆရာတော်ကြီးများထံမှ တရားတော်များ နာယူပြီး လှူဖွယ်များ ဆက်ကပ်ခြင်း ဂုဏ်ထူးရကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆု ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)