တောင်ကြီး ဖေဖော်ဝါရီ ၄

 

ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနက ကျင်းပသော စာချုပ်စာတမ်းများ မှတ်ပုံတင်ခြင်း လုပ်ငန်းဥပဒေနှင့် လယ်ယာမြေ ဥပဒေတို့အရ စာချုပ်စာတမ်း မှတ်ပုံတင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီး ဒစ်ဂျစ်တယ်နည်းလမ်းဖြင့် မှတ်ပုံတင်ရန်အတွက် အသုံးပြုလျက်ရှိသည့် FDMS & amp; DDMS Software များကို Upgrade & amp; Technical Support လုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၂ ရက် နံနက်ပိုင်းက တောင်ကြီးမြို့ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဦးစွာ ကြေးတိုင်စီမံကိန်းနှင့် သုတေသနဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ရဲထွန်းက အမှာစကားပြောကြားပြီး အလုပ်ရုံဆွေးနွေးပွဲတွင် ဆွေးနွေးမည့်အကြောင်းအရာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

ဆွေးနွေးပို့ချ

အလုပ်ရုံဆွေးနွေးပွဲသို့ ရှမ်းပြည်နယ်မှ အရာထမ်း၊ အမှုထမ်း Inhouse ၁၁၃ ဦး၊ Zoom ၅၁ ဦး၊ ကယားပြည်နယ်မှ အရာထမ်း၊ အမှုထမ်း Zoom ၂၀ စုစုပေါင်း အရာထမ်း၊ အမှုထမ်း ၁၈၄ ဦး တက်ရောက်ကြပြီး သင်တန်းကို လေးရက်ကြာ ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

မင်းသန့်(ပြန်/ဆက်)