တောင်ကြီး ဖေဖော်ဝါရီ ၄
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်နှင့် ဆီဆိုင်မြို့နယ်အတွင်းရှိ သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဖေဖော်ဝါရီ ၁ ရက် နံနက် ၈ နာရီခွဲက တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်မိုးတင့်နှင့် တာဝန်ရှိသူများက ဟိုပုံးမြို့နယ် ကုန်းကျိုင်းကျေးရွာအုပ်စု ဟန်လွဲကျေးရွာရှိ ဟန်လွဲစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းလီမိတက်က နွေစပါးစိုက်ပျိုးထားရှိမှုနှင့် နန့်တဘက် မွေးမြူရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းက ဝက်မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှု၍ အသင်းမှလိုအပ်သည့် ငွေကြေးအရင်းအနှီးများ ရရှိစေရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ဆီဆိုင်မြို့နယ်သမဝါယမဦးစီးဌာန အဆောက်အအုံသစ် ဆောက်လုပ်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဝိုးတောင်း


