ဟင်္သာတ ဖေဖော်ဝါရီ ၄

 

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ ကံလှကျေးရွာတွင် ဖေဖော်ဝါရီ ၂ ရက် နံနက်ပိုင်းက ဟင်္သာတခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနကကြီးမှူး၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သီးနှံ အခြေခံယိုအမျိုးမျိုး၊ ဖျော်ရည်အမျိုးမျိုးနှင့် သီးနှံခြောက်တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို ဖွင့်လှစ်သည်။

 

သင်တန်းဖွင့်ပွဲတွင် ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဇင်မာထွေးက သင်တန်းဖွင့် အမှာစကားပြောကြားပြီး ကံလှကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းနောင်က သင်တန်းနှင့်ပတ်သက်သော ကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။ အဆိုပါ သင်တန်းအား သင်တန်းသူ ၂၀ ဖြင့် တစ်ပတ်ကြာ စာတွေ့လက်တွေ့ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။ 

ခရိုင်(ပြန်/ဆက်)