ပြင်ဦးလွင် ဖေဖော်ဝါရီ ၄
ပြည်ထဲရေးဝန်ကြီးဌာန မီးသတ်ဦးစီးဌာန အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်း အမှတ်စဉ်(၁/၂ဝ၂၆) ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂ ရက်နံနက်ပိုင်းက ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး (၅) မြို့နယ်မီးသတ်ဦးစီးမှူးရုံးရှိ သင်တန်းခန်းမဆောင်၌ ကျင်းပသည်။
အဆိုပါ သင်တန်းကို ဖေဖော်ဝါရီ ၂ ရက်မှ ၂၆ ရက်အထိ သင်တန်းနည်းပြဆရာများက မီးသတ်တပ်ဖွဲ့ ရည်ရွယ်ချက်နှင့် ရည်မှန်းချက် တာဝန်၊ မီးသတ်တပ်ဖွဲ့ ဖွဲ့စည်းပုံ၊ မီးသတ်လုပ်ငန်းစဉ်(၇)ရပ်၊ မီးလောင်မှု အခြေခံသဘောတရား၊ အပူ၏ အခြေခံသဘောတရား၊ ရေ၏ အခြေခံသဘောတရား၊ လောင်ကျွမ်းခြင်းအမျိုးမျိုး၊ အပူစီးကူးခြင်း၊ မီးအတန်းစားခွဲခြားခြင်း၊ အခြေခံမီးငြှိမ်းသတ်ခြင်း၊ အရေးပေါ်မီးငြှိမ်း သတ်ရေးပစ္စည်းကိရိယာများအကြောင်း၊ အရန်မီးသတ်တပ်ဖွဲ့ ဖွဲ့စည်းပုံနှင့် တာဝန်များစသည့် ဘာသာရပ်များကို စာတွေ့လက်တွေ့သင်ကြား ပို့ချမည်ဖြစ်ရာ သင်တန်းသား ၅၀ တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


