တာမွေ ဖေဖော်ဝါရီ ၄
ရန်ကုန်မြို့ တာမွေမြို့နယ် ကျိုက္ကဆံလမ်းရှိ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ)ဗဟိုရုံး၌ဖေဖော်ဝါရီ ၂ ရက်က မူးယစ်ဆေးဖြတ် သင်တန်းသားများအား သင်တန်းဆင်းပွဲကျင်းပသည်။
ဦးစွာ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ(ငြိမ်း) ဦးအေးလွင်က အမှာစကားပြောကြားပြီး မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုမှဥက္ကဋ္ဌ ဦးစံရှိန်က သင်တန်းကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုမှ ကျောင်းသား လူငယ်ထုဆက်သွယ်ရေးသံတမန် ဟာသသရုပ်ဆောင် လူရွှင်တော် ဦးချစ်ချောက မူးယစ်ဆေးဖြတ်သင်တန်းသားများအား လမ်းညွှန်ဆုံးမစကားပြောကြားသည်။ ထို့နောက် သက်ဆိုင်ရာတာဝန်ရှိသူများက သင်တန်းဆင်း လက်မှတ်များ ပေးအပ်ကြသည်။
ယင်းနောက် တာဝန်ရှိသူများက သင်တန်းသားများ၏ မိဘအုပ်ထိန်းသူများနှင့် တွေ့ဆုံကာ သင်တန်းဆင်း သင်တန်းသားများ၏ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲတိုးတက်လာမှု အခြေအနေများနှင့် ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
နိုင်လင်းအောင်(ပြန်/ဆက်)


