ရန်ကုန် ဖေဖော်ဝါရီ ၄
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်၌ မီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကြိုတင်ကာကွယ်မှုစစ်ဆေးလေ့ကျင့်မှုလုပ်ငန်းများကို မီးသတ်ဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း မင်္ဂလာတောင်ညွန့်မြို့နယ် လျှပ်စစ်မန်နေဂျာရုံး၌ ဖေဖော်ဝါရီ ၄ ရက် နံနက်ပိုင်းက ဆောင်ရွက်သည်။
ဦးစွာ မင်္ဂလာတောင်ညွန့်မြို့နယ် မီးသတ်ဦးစီးမှူး ဦးနိုင်ဝင်းစိန်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် တားဆီးရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ရုံးဝန်ထမ်းများအား မီးဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဟောပြောခြင်း၊ မီးဘေးအန္တရာယ်တွေ့ကြုံပါက မီးသတ်ဆေးဘူး အသုံးပြုပြီး မီးငြှိမ်းသတ်နည်းများကို ဇာတ်တိုက်လေ့ကျင့်ခြင်း၊ သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချစ်ဆောင် (YESC)


