ရန်ကုန် ဇန်နဝါရီ ၂၉

ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ်၌ အမျိုးသမီးများအား တရားမဝင်လူကုန်ကူးမှု၊ ကာကွယ်ပေးရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့က အထက(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

ဦးစွာ ကျောက်တံတားခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စောစုမြိုင်က အမှာစကားပြောကြားပြီးနောက် စာရေးဆရာမ ပေါက်ပေါက်က လုံခြုံတဲ့ဘဝသိက္ခာရှိတဲ့အနာဂတ်ခေါင်းစဉ်၊ အမှတ် (၆)လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (ရန်ကုန်)မှ ရဲအုပ်သန်းထွန်းနိုင်က လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြား သည်။

ထို့နောက် လုံခြုံတဲ့ဘဝသိက္ခာရှိတဲ့ အနာဂတ်ခေါင်းစဉ်ဖြင့် ဟောပြောသည့် စာရေးဆရာမ ပေါက်ပေါက်နှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး အသိပညာပေးဟောပြောသည့် ရဲအုပ်သန်းထွန်းနိုင်တို့အား အမှတ်တရလက်ဆောင်ပစ္စည်း ပေးအပ်ခဲ့သည်။

မြို့နယ်(ပြန်/ဆက်)