တောင်ကြီး ဇွန် ၈
၂၀၂၆ ခုနှစ် တိုင်းဒေသကြီး၊ ပြည်နယ် အမျိုးသား အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ရှမ်းပြည်နယ် ဘော်လီဘောအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာ ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ပေးအပ်
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ရှမ်းပြည်နယ် ဘော်လီဘောလက်ရွေးစင်အသင်းအား အောင်နိုင်ရေးအလံနှင့် ပြိုင်ပွဲကုန်ကျစရိတ်ငွေများ ပေးအပ်ရာ အသင်းအုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများက လက်ခံရယူကြပြီး ရှမ်းပြည်နယ် ဘော်လီဘော ဆပ်ကော်မတီ ဒုတိယဥက္ကဋ္ဌနှင့် ရှမ်းပြည်နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌက အလှူငွေများပေးအပ်ကြ သည်။
၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အမျိုးသား အမျိုးသမီး ဘော်လီဘောပြိုင်ပွဲကို ရှမ်းပြည်နယ်က အိမ်ရှင်အဖြစ်လက်ခံကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲများကို ဇွန် ၁၀ ရက်မှ ၁၉ ရက် အထိ ပြည်နယ်လေ့ကျင့်ကွင်း၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)


