မကွေး   ဇွန်   ၈

အသေးစားထုတ်ကုန်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဆောင်ရွက်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ(မွန်းမံ)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီးရုံး သင်တန်းခန်းမ၌ ကျင်းပသည်။

ဦးစွာ မကွေးတိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဆန်းညွန့်အောင်က အမှာစကားပြောကြားပြီး  မကွေးတိုင်းဒေသကြီး  အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး  ဒေါ်စုစုခိုင်က ဝင်ငွေတိုးစီမံကိန်းဖြင့် ဆောင်ရွက်မည့် သင်တန်း များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းကို  သင်တန်းနည်းပြ နှစ်ဦးဖြင့် သင်တန်းသား သင်တန်းသူ  ၁၅ ဦးအား ဇွန် ၈ ရက်မှစတင်၍ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး ထူးချွန်သင်တန်းသား ငါးဦးအား လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မောင်ခိုင်မင်း(ပြန်/ဆက်)