ရွာငံ ဇွန် ၈
ရှမ်းပြည်နယ်(တောင်ပိုင်း) ရွာငံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များပြုလုပ်ပေးခြင်းကို ယနေ့နံနက်ပိုင်းမှစတင်၍ အထက (ရွာငံ) ပြဒါးလင်းခန်းမ၌ ဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းဆိုင်နှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းအောင်ကြိုင်က လမင်းစီမံချက်ဖြင့် ကျောင်းသား ကျောင်းသူများ နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များရရှိရေး ဆောင်ရွက်ပေးနေမှုများကို ဆွေးနွေးပြောကြားသည်။
မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် အထက(ရွာငံ)ရှိ ကျောင်းသား ကျောင်းသူ ၈၀ အား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)


