မြဝတီ ဇွန် ၈

 

မြဝတီမြို့နယ်အတွင်းရှိ သမဝါယမ ကဏ္ဍအလိုက် အကောင်အထည်ဖော်နိုင်ရေးအတွက် မြဝန်ဆောင်မှုသမဝါယမအသင်းနှင့် ဂျီအီးစီ ဝန်ထမ်းပေါင်းစုံ သမဝါယမအသင်း သားများနှင့် တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် မြဝန်ဆောင်မှု သမဝါယမအသင်းရုံး၌ ကျင်းပသည်။

 

ဦးစွာ ကရင်ပြည်နယ် သမဝါယမဦးစီး ဌာနမှ ညွှန်ကြားရေးမှူး ဒေါ်အေးပွင့်က သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည့် မူဝါဒများ၊ လုပ်ငန်းစဉ်များ၊ မျှော်မှန်းချက်နှင့် ရည်မှန်းချက်များ၊ အသင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်းအလိုက် ဆောင်ရွက်ရမည့် အချက်များကို ချပြ ဆွေးနွေးသည်။

 

ဆက်လက်၍ မြဝန်ဆောင်မှုသမဝါယမ အသင်းဥက္ကဋ္ဌ ဦးစိန်သောင်းက အသင်းမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအခြေအနေများ၊ ဂျီအီးစီ ဝန်ထမ်းပေါင်းစုံ သမဝါယမ အသင်းတို့မှ အသင်းဥက္ကဋ္ဌနှင့် အသင်းသားများက ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ တွေ့ကြုံရသည့် အခက်အခဲများကို မေးမြန်း ဆွေးနွေးကြရာ ညွှန်ကြားရေးမှူး ဒေါ်အေးပွင့် က ပြန်လည်ရှင်းလင်း ဆွေးနွေးသည်။

 

ထို့နောက် တာဝန်ရှိသူများက မြဝန်ဆောင်မှု သမဝါယမအသင်းနှင့် ဂျီအီးစီ ဝန်ထမ်းပေါင်းစုံ သမဝါယမအသင်းတို့၏ လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်း ကြည့်ရှုခဲ့ကြောင်း သိရသည်။

 

ဆောင်းနှင်းဖြူ (ပြန်/ဆက်)