ဇွန် ၉
အိန္ဒိယနိုင်ငံတောင်ပိုင်း အန်ဒရာပရာဒေ့ရှ်ပြည်နယ်ရှိ သံမဏိစက်ရုံတစ်ရုံတွင် သံရည်ပူ သယ်ဆောင်နေသည့်အိုးကြီး ပေါက်ကွဲမှုဖြစ်ပွားသဖြင့် အလုပ်သမား ရှစ်ဦးသေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
အဆိုပါပေါက်ကွဲမှုသည် အန်ဒရာပရာဒေ့ရှ်ပြည်နယ်၏ မြို့တော် အာမာရာဗတီ၏ အရှေ့မြောက်ဘက် ၃၉၂ ကီလိုမီတာခန့်အကွာရှိ ဗီဆာခါပတ်နမ်ရှိ ဗီဇက်သံမဏိစက်ရုံ၏ အပူပေးစက်ရုံတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ယင်းဖြစ်ရပ်အပြီးတွင် စက်ရုံစီမံခန့်ခွဲမှုအဖွဲ့သည် အရေးပေါ်တုံ့ပြန်မှုအစီအမံများ စတင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများကို အနီးနားရှိ ဆေးရုံအသီးသီးသို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


