ပန်ဆိုင်း ၂၃ ဧပြီ
မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့တွင် နိုင်ငံတကာ စာအုပ်စာစောင်များနေ့ အထိမ်းအမှတ် စာဖတ်ဝိုင်းနှင့် စိတ်ကြိုက်ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၌ ကျင်းပခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်သန်းမိုးခိုင်က ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့၊ နိုင်ငံတကာ စာအုပ်စာစောင်များနေ့ အထိမ်းအမှတ်အဖြစ် စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ မိမိတို့၏ စာဖတ်စွမ်းရည်တိုးတက်လာပြီး စာဖတ်လိုစိတ်ရှိလာစေရန်နှင့် စာဖတ်ခြင်းကြောင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန်အတွက် ရည်ရွယ်၍ နိုင်ငံတကာ စာအုပ်စာစောင်များနေ့ အထိမ်းအမှတ် စာဖတ်ဝိုင်းကို ပြုလုပ်ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် စာဖတ်ဝိုင်းနှင့်စိတ်ကြိုက်ဆေးရောင်ခြယ်ပြိုင်ပွဲကို ပြုလုပ်ကျင်းပခဲ့ရာ အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ကလေးငယ်များကို အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
MDN


