ဖားကန့် ၂၃ ဧပြီ
စာမဖတ်သူပပျောက်ရေးနှင့် စာဖတ်သည့်အလေ့အထ ရှင်သန်အားကောင်းစေရန်အတွက် နိုင်ငံတကာ စာအုပ်စာစောင်များနေ့ အထိမ်းအမှတ် စာအုပ်စာပေပြပွဲနှင့် စာဖတ်ဝိုင်းကို ယနေ့ မွန်းလွဲ ၁ နာရီက ဖားကန့်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်စာရေးဆရာအသင်းဉက္ကဌနှင့် အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်လူငယ်များက ခင်းကျင်းပြသ ထားရှိသော စာအုပ်စာပေများအား လေ့လာဖတ်ရှုခဲ့ကြပြီး မိမိနှစ်သက်ရာ စာအုပ်စာပေအကြောင်းအရာ များကို ပြန်လည်မျှဝေကာ စာဖတ်ဝိုင်းကို ဆောင်ရွက်ခဲ့ကြသည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထိုက်လင်းစိုးက စာအုပ်စာပေပြပွဲနှင့် စာဖတ်ဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
MDN


