သထုံ ၂၃ ဧပြီ
မွန်ပြည်နယ် သထုံမြို့နယ် တင်လှိုင်ရပ်ကွက် အရှေ့ပိုင်းရှိ နေအိမ်တွင် ရေတွင်းဆယ်ယူရာမှ စက်သီးချိတ်လန်ပြီး ရေတွင်းထဲ ပြုတ်ကျသူအား သထုံခရိုင် မိးသတ်ဦးစီးမှူးရုံးမှ မီးသတ်တပ်ဖွဲ့ဝင်များက ဆယ်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး သထုံခရိုင် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ သိရသည်။
ယနေ့ မွန်းလွဲပိုင်းက အဆိုပါ ရပ်ကွက်နေ ရေတွင်းဆယ်ယူသူသည် အနက် ပေ ၃၀၊ အကျယ် ၄၁ ပေရှိ ရေတွင်းဆယ်ယူပြီး ပြန်တက်ချိန်တွင် စက်သီးချိတ်လန်ပြီး ရေတွင်းအတွင်းသို့ ပြန်ပြုတ်ကျခဲ့ကြောင်း သတင်းရရှိသဖြင့် သထုံခရိုင် မီးသတ်ဦးစီးမှူးရုံးမှ မီးသတ်စက်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲဝင် (၇)ဦး၊ အရန်တပ်ဖွဲ့ဝင် (၅)ဦးတို့ဖြင့် ဆယ်ယူခြင်းလုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
MDN


