တန့်ယန်း ၁ မေ
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ယခုနွေရာသီ၌ အပူရှိန်မြင့်မားလာမှုကြောင့် ကုန်းမြင့်ကျသော ရပ်ကွက်အချို့တို့တွင် သောက်သုံးရေ ပြတ်လပ်မှုများနှင့် ကြုံတွေ့နေရသည့်အတွက် မြို့နယ်အရန်မီးသတ်တပ်ရင်းမှ သောက်သုံးရေများ သွားရောက်လှူဒါန်းလျက်ရှိသည်။
ထို့သို့ သောက်သုံးရေများ လှူဒါန်းပေးနေလျက်ရှိရာ မေ ၁ ရက် နံနက်ပိုင်းက မြို့နယ် အရန်မီးသတ်တပ်ရင်းမှ တပ်ခွဲမှူးများနှင့် တပ်ဖွဲ့ဝင်များက ရေဂါလံ(၈၀ဝ)ဆံ့ မီးသတ်ရေသယ်ယာဉ် သုံးခေါက်ဖြင့် စုစုပေါင်း ရေဂါလံ (၂၄၀ဝ)ကို သောက်သုံးရေ ပြတ်လပ်နေသော အမှတ်(၇)ရပ်ကွက်ရှိ ရပ်ကွက်နေပြည်သူများထံ သွားရောက်ကာ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)


