ပေါက်  ၂  မေ  

 

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် တိုင်းဒေသကြီး လွှတ်တော်ရန်ပုံငွေကျပ် (၃၃)သိန်းဖြင့် မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်အတွင်းရှိ ကျောင်းစာကြည့်တိုက်များသို့ စာအုပ်ပေးအပ်လှူဒါန်းပွဲကို မေ ၂ ရက် နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပေါက်ပင်ခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်စန်းက မျိုးဆက်သစ်လူငယ်လေးများ ဘဝခိုင်ခိုင်မာမာ ရပ်တည်နိုင်ရေးအတွက် စာများများဖတ်ကြရန်နှင့် စာဖတ်လိုသည့် အလေ့အထကောင်းများ ရှိလာပြီး စာပေမှ အသိပညာဗဟုသုတများ ရရှိကာ နိုင်ငံတော်အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန်အတွက် ရည်ရွယ်၍ လှူဒါန်းပေးရခြင်းဖြစ်ကြောင်း  ပြောကြားခဲ့သည်။

 

IMG_20

 

ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဦးမြင့်ဌေးက ကျောင်းဆရာ ဆရာမများကလည်း မိမိတို့ ကျောင်းသား ကျောင်းသူများကို ကျောင်းစာအပြင် ကျောင်းစာကြည့်တိုက်မှာရှိသည့် ရုပ်ပြနှင့် သုတစာအုပ်များ ဖတ်ရှုလေ့လာနိုင်ရေး လေ့ကျင့်ပေးကြရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

 

ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ရန်ပုံငွေဖြင့် လှူဒါန်းသော မဖဲဝါ ရုပ်ပြနှင့်သုတ စာအုပ်ပေါင်း ၅၇၃၄ အုပ်ကို ပေါက်မြို့နယ်အတွင်းရှိ ကျောင်းစာကြည့် ၄၇ တိုက်သို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပေးအပ်လှူဒါန်းခဲ့သည်။

 

ယင်းနောက် ပေါက်မြို့နယ် မင်းကောင်းကျေးရွာနေ အလှူရှင် ဦးအုန်းမြင့်-ဒေါ်ခင်လှ မိသားစုမှ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအတွက် မိတ္တူကူးစက်တစ်လုံး  ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ဉာဏ်တိုး (ပေါက်)

 

IMG_201