မယ်စဲ့ ၂ မေ

 

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်း ဖွင့်လှစ်ခြင်းကို ယမန်နေ့နံနက် ၁၁ နာရီခွဲက မယ်ဆည်နမ် ကျေးရွာခန်းမဆောင်၌ ပြုလုပ်ခဲ့သည်။

 

received_6

 

သင်တန်းဖွင့်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသန့်က ကျေးလက်ဦးစီးဌာနအနေဖြင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများကို နှစ်စဉ်ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ ယခုဖွင့်လှစ်သည့်သင်တန်းသည်လည်း ကျေးရွာနေပြည်သူလူထု၏ တောင်ဆိုချက်အရ ဖွင့်လှစ်ပေးရခြင်းကြောင်း၊ သင်တန်းသူများအနေဖြင့် သင်တန်းကာလအတွင်း သင်တန်းမှပို့ချပေးသည့် ဘာသာရပ်များကို စနစ်တကျလေ့လာမှတ်သားစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမိုးအောင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို အသေးစိတ်ရှင်းလင်းပြောကြားပြီး ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးလှခေးက နိဂုံးချူပ်စကားပြောကြားခဲ့သည်။

 

received_17

 

အဆိုပါသင်တန်းကို နမ့်ပိန်းလင်၊ နမ့်ဟူး၊ မယ်ဆည်နမ်ကျေးရွာတို့မှ သင်တန်းသူ(၂၀)ဦး တက်ရောက်ပြီး သင်တန်း ကာလမှာ တစ်လကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

 

ဝတ်ရည်(ပြန်/ဆက်)

 

received_23