မြန်မာ့ရွှေဈေး ကျပ် ၁၀ သိန်း နီးပါးအထိ စံချိန်တင် မြင့်တက်လာ

mdn

မန္တလေး ၁၄ စက်တင်ဘာ 

 

 

ဒေါ်လာဈေး မြင့်တက်လာမှုနှင့်အတူ တရိပ်ရိပ်မြင့်တက်လာနေသည့် မြန်မာ့ရွှေဈေးသည် ယနေ့၌ အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၉၉၅၀ဝ၀ နှုန်းအထိ စံချိန်တင်ရောက်ရှိခဲ့ကြောင်း မန္တလေးမြို့ ရွှေဆိုင်များမှ သိရသည်။

 

 

ယခုစက်တင်ဘာလဆန်းတွင် ဒေါ်လာ ဈေးနှုန်းမှာ တစ်ဒေါ်လာလျှင် ၁၅၄၀ မှ ၁၅၅၈ ကျပ်အထိ ဈေးမြင့်တက်လာမှုကြောင့် မြန်မာ့ရွှေဈေးမှာလည်း ၉၇၅၀ဝ၀ မှ ၉၉၅၀ဝ၀ ကျပ်အထိ မြင့်တက်လာခဲ့သည်။

 

အရောင်အဝယ်မှာ မြန်မာ့ရွှေဈေး ကျပ် ၁၀ သိန်းနီးပါးအထိ စံချိန်တင် မြင့်တက်လာခဲ့ပြီး  အရောင်းအဝယ်မှာ ပုံမှန်အတိုင်းသာရှိနေကြောင်း မန္တလေးမြို့ အောင်သမာဓိရွှေလုပ်ငန်းမှ ဒါရိုက်တာ ဒေါ်ဇင်မိမိအောင်က ပြောသည်။

 

 

“ရွှေဈေးက ၂၀၂၀ နှစ်ဆန်းပိုင်းကျမှ ဆယ်သိန်းအထိ ရောက်သွားမယ်လို့ ထင်ခဲ့ပေမယ့် အခုတော့ မြန်မြန်ဆန်ဆန်နဲ့ ဆယ်သိန်းနားအထိ ရောက်လာခဲ့တယ်။ ဆက်လက်ပြီး ဆယ်သိန်းရောက်သွားမယ်။ ဒါပေမယ့် လာမယ့် နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေမှာ ရွှေဈေးကျဆင်းလေ့ ရှိတဲ့အတွက် ဆယ်သိန်းရောက်ပြီးရင် ဈေးပြန်ကျသွားပြီး နောက်ဆုံးမှာ ဆယ်သိန်းဝန်းကျင်မှာပဲ ဈေးငြိမ်သက်သွားမှာပါ” ဟု ၎င်းက သုံးသပ်ပြောကြားသည်။

 

 

မြန်မာ့ရွှေဈေးသည် ပြီးခဲ့သည့် ဇူလိုင်လဆန်းတွင် ကျပ် ၉၃၀ဝဝဝ ရှိခဲ့ရာမှ ဒေါ်လာဈေး ၁၅၀ဝ ကျပ်အထိ မြင့်တက်ခဲ့ချိန်မှစ၍ ရွှေဈေးမှာ ကျပ် ၉၅၀ဝဝဝ ဝန်းကျင်အထိ မြင့်တက်လာကာ ယခုစက်တင်ဘာလအတွင်း ဈေးဆက်တိုက် မြင့်တက်လာခဲ့ကြောင်း သိရသည်။

 

 

မင်းထက်အောင်(မန်းကိုယ်ပွား)