ငဖဲမြို့နယ်၌ ဆောင်းသီးနှံ စိုက်ပျိုးစရိတ်များ စတင်ထုတ်ချေး

မင်းဘူးခရိုင် ငဖဲမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲမှ အိုးမြေတွင်း ကျေးရွာအုပ်စုအား  ၂၀၁၈-၂၀၁၉ ဆောင်းသီးနှံ စိုက်ပျိုးစရိတ် ချေးငွေထုတ်ချေးခြင်းကို ဒီဇင်ဘာ ၁၀ ရက်က စတင်ထုတ်ချေးကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်မန်နေဂျာ ဒေါ်ခင်သန်းထွေးက ဆောင်းသီးနှံ စိုက်ပျိုးစရိတ် ထုတ်ချေးပေးရာတွင် ၂၀၁၈ ခုနှစ် မိုးချေးငွေကဲ့သို့ တောင်သူတစ်ဦးချင်းက ၎င်းတို့ ပိုင်ဆိုင်သော လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်(ပုံစံ-၇)မူရင်းကို ဘဏ်သို့ အပေါင်အဖြစ် ပေးအပ်၍ တောင်သူကိုယ်တိုင် အာမခံစနစ်ဖြင့် ထုတ်ချေးမည်ဖြစ်ကြောင်း၊ စပါးတစ်ဧကလျှင် ငွေကျပ် ၁၅၀ဝ၀ဝ နှုန်းနှင့် အခြားသီးနှံ တစ်ဧကလျှင် ငွေကျပ် ၅၀ဝ၀ဝ မှ ငွေကျပ် ၁၀ဝ၀ဝ၀ နှုန်း တိုးမြှင့် ထုတ်ချေးမည်ဖြစ်ကြောင်း ပြောကြားသည်။

ငဖဲမြို့နယ်တွင် ဆောင်းသီးနှံအဖြစ် စပါး၊ မြေပဲ၊ နှမ်း၊ ပဲတီစိမ်းနှင့် ပြောင်းတို့ စိုက်ပျိုးကြပြီး အိုးမြေတွင်း ကျေးရွာအုပ်စုမှ တောင်သူ ၃၃ ဦး၊ စုစုပေါင်းဧက ၁၃၃ ဧကအတွက် ငွေကျပ် ၁၆၄ သိန်းကို စတင်ထုတ်ချေးပေးပြီး မြို့နယ်တွင်းရှိ ကျေးရွာအုပ်စု ကိုးအုပ်စုမှ အမှန်တကယ်ဆောင်းသီးနှံ စိုက်ပျိုးမည့် တောင်သူများအား စိစစ်၍ ဒီဇင်ဘာလကုန်အထိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

မယု(ငဖဲ)