ယိုအာအင်နဲ့ တွဲဖက်ရိုက်ကူးထားတဲ့ ဓာတ်ပုံကို ဖော်ပြလာတဲ့ ဆောင်းဟေကို

တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ မင်းသမီးတစ်ဦးဖြစ်သူ ဆောင်းဟေကိုဟာ သူ့ရဲ့ အင်စတာဂရမ် စာမျက်နှာပေါ်မှာ ပုဂ္ဂိုလ်ရေးဆန်ရဲ့ ဓာတ်ပုံတွေကို ဖော်ပြခဲ့သူ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ ဒါပေမယ့် လတ်တလောမှာတော့ ဆောင်းဟေကိုဟာ မင်းသား ယိုအာအင်နဲ့ တွဲဖက်ရိုက်ကူးထားတဲ့ ဓာတ်ပုံတစ်ပုံကို သူ့ရဲ့ အင်စတာဂရမ်စာမျက်နှာပေါ်မှာ ဖော်ပြခဲ့ကြောင်း အေးရှားဝမ်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

ဆောင်းဟေကိုဟာ ခင်ပွန်းဟောင်းဖြစ်သူ မင်းသား ဆောင်းဂျွန်ကီနဲ့ လမ်းခွဲပြီးနောက်ပိုင်း အရောင်း မြှင့်တင်ရေးနဲ့ဆိုင်တဲ့ အလုပ်သဘောဓာတ်ပုံတွေကိုသာ သူ့ရဲ့ လူမှုကွန်ရက်ပေါ်မှာ ဖော်ပြခဲ့တာပါ။ ပြီးခဲ့တဲ့ နှစ်နှစ်တာအတွင်း ပထမဆုံးလို့ဆိုနိုင်တဲ့ အမျိုးသားတစ်ဦးနဲ့ တွဲဖက်ရိုက်ကူးထားတဲ့ ဓာတ်ပုံ တစ်ပုံကို လတ်တလောမှာ ဆောင်းဟေကိုက သူ့ရဲ့ အင်စတာဂရမ်ပေါ်မှာ ဖော်ပြခဲ့ရာမှာတော့ ပရိသတ် တွေကို မျှော်လင့်ချက်တွေ ဖြစ်စေခဲ့ပါတယ်။

အဆိုပါ ဓာတ်ပုံမှာ အသက် ၃၉ နှစ်အရွယ် ဆောင်းဟေကိုနဲ့ ၃၄ နှစ်အရွယ် ယိုအာအင်တို့နဲ့အတူ ခွေးလေးတစ်ကောင်လည်း ပါဝင်ပါတယ်။ ယိုအာအင်က ဆောင်းဟေကိုလက်ထဲက ခွေးလေးကို ရယူဖို့ လုပ်ရာမှာ ဆောင်းဟေကိုက ပြန်လည်တွန်းထုတ်နေတဲ့ပုံဖြစ်ပါတယ်။ အဆိုပါ ဓာတ်ပုံပေါ်ထွက် လာတာကြောင့် ပရိသတ်တွေကတော့ အေဂျင်စီတစ်ခုတည်းအောက်မှာ လှုပ်ရှားနေကြတဲ့ ဆောင်းဟေကိုနဲ့ ယိုအာအင်တို့ အတူတွဲဖက်သရုပ်ဆောင်မှုကို မြင်တွေ့ရဖို့ရာ မျှော်လင့်နေကြကြောင်း လည်း သိရပါတယ်။

အေးပြည့်