၂၀၂၀-၂၀၂၁ ပညာသင်ထောက်ပံ့ကြေးနှင့် သင်ထောက်ကူပစ္စည်းများ ပေးအပ်ပွဲ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း တက်ရောက်

ပဲခူး ဇူလိုင် ၃

 

ပဲခူးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများ၏ သားသမီးများ ပညာသင် ထောက်ပံ့ကြေးနှင့် သင်ထောက်ကူပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇူလိုင် ၃ ရက် မွန်းလွဲပိုင်းက ကျင်းပရာ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း တက်ရောက်သည်။

 

အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ပညာရည်ပြည့်ဝသော နိုင်ငံ့သားကောင်း ရတနာများ ပေါ်ထွက်လာမှသာ တိုင်းပြည်၏ အနာဂတ်လည်း တောက်ပြောင်လာမှာဖြစ်ကြောင်း၊ ပညာရေးသည် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်မှု သာမက လူအဖွဲ့အစည်း ရှင်သန်မှုအတွက် အဓိက ရေသောက်မြစ်ဖြစ်သည့်အတွက် မိမိတို့၏ သားသမီးများအား အကောင်းဆုံး ပြုစုပျိုးထောင်ပေးကြစေလိုကြောင်းနှင့် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့်လည်း ဝန်ထမ်းများ၏ သား/သမီးများ ပညာရည် မြင့်မားစေရေးအတွက် ထောက်ပံ့ပေးနိုင်ရေး ဆက်လက်ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း အမှာစကား ပြောကြားသည်။

 

ထို့နောက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက တက္ကသိုလ် ကျောင်းသား ကျောင်းသူများအား ထောက်ပံ့ငွေနှင့် သင်ထောက်ကူပစ္စည်းများကိုလည်းကောင်း၊ ကောင်စီအဖွဲ့ဝင်များက အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းသား ကျောင်းသူများအား ထောက်ပံ့ငွေနှင့် သင်ထောက်ကူပစ္စည်းများကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူး ဦးစိုးသိန်းက မူကြိုကျောင်းသူများအား ထောက်ပံ့ငွေနှင့် သင်ထောက်ကူပစ္စည်းများကို လည်းကောင်း အသီးသီး ထောက်ပံ့ပေးအပ်ခဲ့သည်။

 

အဆိုပါအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း၊ ကောင်စီအဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

 

တင်စိုး(ပဲခူး)

 

mdn