2020 Tokyo Olympic ကြက်တောင်ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အားကစားသမား သက်ထားသူဇာ ဘယ်ဂျီယံနိုင်ငံအားရှုံးနိမ့်

နေပြည်တော် ဇူလိုင် ၂၇

ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသော 2020 Tokyo Olympic အမျိုးသမီး တစ်ဦးချင်းကြက်တောင်ပြိုင်ပွဲများကို  ယနေ့မွန်းတည့်ချိန်တွင် Musashino Forest Plaza ၌ ကျင်းပရာ အုပ်စုတွင်းပြိုင်ပွဲအဖြစ် အုပ်စု (M)တွင် မြန်မာနိုင်ငံမှ ကြက်တောင် အားကစားသမား သက်ထားသူဇာနှင့် ဘယ်ဂျီယံနိုင်ငံမှ Tan Lianne တို့ယှဉ်ပြိုင်ကစားခဲ့ရာ ဘယ်ဂျီယံနိုင်ငံမှ (21:6)၊ (21:8)ဖြင့် (၂)ပွဲပြတ် အနိုင်ရရှိ သွားသည်။

အဆိုပါ အုပ်စု (M)တွင် မြန်မာနိုင်ငံမှ ကြက်တောင်အားကစားသမား သက်ထားသူဇာ သည် (၂)ပွဲကစားရာ (၂)ပွဲစလုံးရှုံးနိမ့်၍ ပြိုင်ပွဲမှထွက်ခွာခဲ့ရကြောင်း သိရ သည်။ 

သတင်းစဉ်