အိန္ဒိယနိုင်ငံ၌ ၂၃၈ ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှု အနိမ့်ဆုံးသို့ ကျဆင်း

နယူးဒေလီ အောက်တိုဘာ ၂၇

အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၂၄၂၈ ဦး -ရှိခြင်းကြောင့် ၂၃၈ ရက်အတွင်း အနိမ့်ဆုံးသို့ ကျဆင်းခဲ့ခြင်းဖြစ်ကြောင်းနှင့် လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူစုစုပေါင်း ၃၄၂၀၂၂၀၂ ဦးရှိလာကြောင်း အိန္ဒိယ -ကျန်းမာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

ထို့ပြင် အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၃၅၆ ဦး ထပ်တိုးလာခြင်းကြောင့် သေဆုံးသူ စုစုပေါင်း ၄၅၅၀၆၈ ဦးရှိ လာကြောင်း သိရသည်။ 

အိန္ဒိယနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့်သေဆုံးသူအများဆုံးမှာ -ကီရာလာပြည်နယ်ဖြစ်ကြောင်းနှင့် လွန်ခဲ့သည့်တစ်ရက်အတွင်း ကီရာလာပြည်နယ်၌ -ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၂၈၁ ဦးရှိကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ၌ လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိဆဲလူနာစုစုပေါင်း ၁၆၃၈၁၆ ဦးရှိကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။ အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံ အသီးသီးမှ ဆင်းခွင့်ရရှိသူ၁၅၉၅၁ ဦးရှိခြင်းကြောင့် ပြန်လည်ကျန်းမာလာသူစုစုပေါင်း ၃၃၅၈၃၃၁၈ ဦးရှိလာကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ပြောကြား သည်။

ကိုးကား - ဆင်ဟွာ ဘာသာပြန် - အလင်းသစ်