ဟူစတန်  မတ်  ၂၀

အမေရိကန်နိုင်ငံ  တက္ကဆက်ပြည်နယ်  ဆန်ဂျာဆင်တို‌ဒေသ၌  မတ်  ၁၉  ရက် ညနေပိုင်းအထိ  တောမီးကြောင့်  သစ်တောဧက ၁၃၀၀၀   မီးလောင်ခဲ့ပြီးဖြစ်သည်ဟု  အာဏာပိုင်များက မတ်  ၁၉  ညပိုင်းတွင် ပြောသည်။

မတ် ၁၉ ရက်  ည ၈နာရီ ၁၆ မိနစ်တွင် တောမီး ၁၀ ရာခိုင်နှုန်း ကို   ထိန်းချုပ်နိုင်ပြီဟု   အေဘီစီ သတင်းတွင်   ဖော်ပြထားသည်။ အဆောက်အအုံအချို့ ပျက်စီးမှုရှိပြီး ၁၅ ဦးခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။

မီးသတ်သမားများသည် ဆမ်ဟူစတန်  အမျိုးသားသစ်တောပေါ်သို့  ရဟတ်ယာဉ်များဖြင့် ရေများ လောင်းချကာ မီးတားပြုလုပ်နေသည်ဟု   တက္ကဆက်ပြည်နယ်ရှိ  သစ်တောများကို  စီမံခန့်ခွဲနေ သော   အေဂျင်စီဖြစ်သည့်  တက္ကဆက် အေအန်အမ် သစ်တောဌာနက ပြောသည်။

ဆမ်ဟူစတန် အမျိုးသားသစ်တောသည်  တက္ကဆက်ပြည်နယ်၏ အကြီးဆုံးမြို့ဖြစ်သည့်  ဟူစတန် မြို့နှင့်  တစ်နာရီအကြာ ကားမောင်းရသည့်အကွာ အဝေးတွင်ရှိသည်။ အမျိုးသားမိုးလေဝသဌာန သည်   မတ် ၁၉ ရက်  နံနက်ပိုင်းက  ဟူစတန်မြို့ အနောက်ဘက်ရှိ ခရိုင်များအတွက် အနီရောင်အဆင့် သတိပေးချက်ထုတ်ပြန်ခဲ့ပြီး  တောမီးအန္တရာယ်ကို သတိပေးခဲ့သည်။

ဆင်ဟွာ