အင်းစိန်မြို့နယ်၌ အဲကွန်း Save Guard အပူလွန်ကဲရာမှ   မီးလောင်မှုဖြစ်ပွား

ရန်ကုန်  အောက်တိုဘာ  ၁၂

 

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်၊ ရွာသစ် အရှေ့/ သီဟိုရ်ကျောင်းလမ်း၊ အိမ်အမှတ်(၅၁၇)တွင် ယမန်နေ့ နံနက်(၇)နာရီ(၅)မိနစ်က မီးလောင်မှုဖြစ်ပွားခဲ့သည်။

 

မီးလောင်မှုမှာ အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်၊ ရွာသစ်အရှေ့/ သီဟိုရ်ကျောင်းလမ်း၊ အိမ်အမှတ်(၅၁၇)၊ ပိုင်ရှင် ဦးနိုင်နိုင်၏ နေအိမ် အုတ်ညှပ်၊ ပျဉ်ခင်း၊ ပျဉ်ကာ(၂)ထပ် အဆောက်အဦ အပေါ်ထပ်တွင် Air-con ချီဂို(၁)ကောင်ခွဲအား ဖွင့်ထားပြီး Air-con Save Guard အပူလွန်ကဲရာမှ စတင် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

 မီးလောင်ရာသို့ အင်းစိန်မြို့နယ်၊ မီးသတ်ဦးစီးမှူး ဦးရန်နိုင်ဖြိုးနှင့် တာဝန်ရှိသူများ၊ မီးငြိမ်းသတ် ယာဉ်(၁၀)စီး၊ ရေသယ်ယာဉ်(၃)စီး၊ ကွပ်ကဲမှုယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၇၅)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၁၉)ဦး၊ သီးသန့်မီးသတ်တပ်ဖွဲ့(၁၁)ဖြင့် မီးငြိမ်းသတ်ခဲ့ရာ (၇)နာရီ(၂၅)မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။

           

ဇွဲထက်ကို(ပြန်/ဆက်)