အဖျက်လုပ်ရပ်အားပေးမှုကို အထူးသတိချပ်

ယနေ့ကာလတွင် နိုင်ငံရေးကိုအကြောင်းပြု၍ မဟုတ်မမှန်သတင်းများ၊ ကောလာဟလသတင်းများ၊ ပုံကြီးချဲ့ကားထားသောသတင်းများ လွှင့်ထုတ်နေကြသည်။ အဓိကမှာ နိုင်ငံရေးအမြတ်ထုတ်လိုသောကြောင့် ရည်ရွယ်ချက်ရှိရှိ လုပ်ကိုင်နေကြသူများနှင့် ယင်းတို့နှင့်ပတ်သက်၍ အသိအမြင်လွဲမှားနေသူများ၊ အမှောင်ဖုံး နေသူများကလည်း နောက်မှလိုက်ပါကာ မမှန်သတင်းများ၊ ပုံကြီးချဲ့ထားသောသတင်းများကို ထပ်ဆင့်မျှဝေ လာကြသည်။ ယနေ့အချိန်ကာလတွင် နိုင်ငံရေးကိစ္စသည် အဓိက မဟုတ်ပေ။ ကျန်းမာရေးကိစ္စ၊ လူ့အသက်ကိစ္စ၊ လူမှုရေးကိစ္စများမှာ အရေးကြီးနေ၍ ယင်းတို့အပေါ် ထိခိုက်စေနိုင်မည့်သတင်းစကားများ မပါးမိဖို့လိုပေသည်။

 

ယနေ့အချိန်အခါတွင် အမေရိကန်စာရေးဆရာကြီး Mark Twain ပြောခဲ့သည့် 'a lie travel halfway around the world while the truth is still putting on its shoes” - “အမှန်တရားက ဖိနပ်စီးနေတုန်းမှာ မုသားဟာ ကမ္ဘာတစ်ဝန်းခရီးသွားနိုင်ပါတယ်” ဆိုစကားကဲ့သို့ပင် မဟုတ်မမှန်သတင်းများ၊ ကာလာဟလသတင်းများ၊ ပုံကြီးချဲ့ကားထားသောသတင်းစကားများသည် အမှန်တရားမပေါ်ပေါက်မီ လူမှုပတ်ဝန်းကျင်သို့သာမက တစ်ကမ္ဘာလုံးသို့ပင် ပျံ့နှံ့အောင်ဖန်တီးဖော်ဆောင်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။ ထိုအခါ ပြည်သူများ ထင်ယောင် ထင်မှားဖြစ်ကြသည်သာမက ကမ္ဘာ့နိုင်ငံကြီးများ၊ အဖွဲ့အစည်းများပင် မမှန်သတင်းများကို ကိုးကား၍ သုံးသပ်ဆုံးဖြတ်လုပ်ကိုင်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။

 

မုသားစကားသည် အမှန်တရားထက်ပင် ပျံ့နှံ့အားပိုမိုကောင်းသည်မှာ ရှေးအစဉ်အဆက်မှ ယနေ့ထက်တိုင်အောင် ပင်ဖြစ်သည်။ ယင်းကို ၁၉၈၈ ခုနှစ်ဖြစ်စဉ်နှင့် ရခိုင်ပြည်နယ် အနောက်ဘက်တံခါးဖြစ်စဉ်များက သက်သေပြ ခဲ့ပြီးဖြစ်သည်။ ထိုဖြစ်စဉ်များအတွက် အဓိကတာဝန်ရှိကြသူများမှာ သတင်းမီဒီယာများ ပင်ဖြစ်သည်။ အထူးသဖြင့် ပြည်ပအခြေစိုက်မီဒီယာများဖြစ်ပြီး ယခုအခါ ပြည်တွင်းမီဒီယာများလည်း ပါဝင်လာကြသည်။ အဆိုပါ သတင်းမီဒီယာများအနေဖြင့် စောင့်ထိန်းရမည့်သတင်းမီဒီယာကျင့်ဝတ်များကို မလိုက်နာတော့ဘဲ ၎င်းတို့အား  အထောက်အပံ့ပေးသူများ၏ မူဝါဒများအတိုင်း ပျက်စီးရာပျက်စီးကြောင်း တစိုက်မတ်မတ် လုပ်ကိုင်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။ ထိုအခါ တရားဝင်မီဒီယာမှ ဥပဒေဖောက်ဖျက်သဖြင့် တရားမဝင် မီဒီယာအဖြစ်သို့ ရောက်ရှိသွားမည်ဖြစ်သည်။

 

ဥပဒေကျင့်ဝတ်များကိုဖောက်ဖျက်သော တရားမဝင်မီဒီယာများသည် မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် သတင်းများကို တရားဝင်လုပ်ကိုင်နိုင်ခွင့်မရှိတော့သော်လည်း လွတ်မြောက်ရာနယ်မြေမှ တိုင်းပြည်ပျက်စီးရာ ပျက်စီးကြောင်း မကောင်းသတင်းများကို ပြောင်ပြောင်တင်းတင်း လုပ်ကိုင်နေကြသည်ကို တွေ့ရမည် ဖြစ်သည်။ ပြည်တွင်းသတင်းများကို ပြည်ပမှလွှင့်ထုတ်နိုင်ခြင်းသည် ပြည်တွင်းသတင်းပေးများကြောင့်ဟု ဆိုရမည်ဖြစ် သည်။ ပြည်တွင်းသတင်းပေးများသည် သတင်းသမားကျင့်ဝတ်များကို လိုက်နာခြင်းမရှိဘဲ ပြည်ပအထောက် အပံ့များကြောင့်သာ လုပ်ကိုင်နိုင်ခြင်းဖြစ်ပြီး အချို့လည်းစိတ်ခံစားချက်ကို ရှေ့တန်းတင်ပြီး တိုင်းပြည်အကျိုး စီးပွားကို မငဲ့ကွက်ဘဲ လုပ်ကိုင်နေကြခြင်းဖြစ်သည်။

 

မြန်မာနိုင်ငံသည် ဒီမိုကရေစီအသွင်ကူးပြောင်းချိန်မှစတင်ပြီး သတင်းမီဒီယာလုပ်ငန်းများကို လွတ်လပ်စွာ လုပ်ကိုင်နိုင်ခွင့်ရှိလာရာ ၁၀ နှစ်တာကာလအတွင်း သတင်းမီဒီယာများ အလွန်ခရီးရောက်ခဲ့သည်။ သတင်း မီဒီယာများ လွတ်လပ်ခွင့်ရလာသည်နှင့် ပုံနှိပ်မီဒီယာများနှင့်အတူ အွန်လိုင်းမီဒီယာများလည်း ခေတ်စားလာခဲ့ သည်။ အွန်လိုင်းမီဒီယာများတွင် ဆိုရှယ်မီဒီယာများမှာ ပိုမိုခေတ်စားလာပြီး ယင်းအပေါ်တွင် နိုင်ငံရေးအမြတ် ထုတ်မှုများ ပေါ်ပေါက်လာခဲ့သည်။ ပြည်သူများသည် ဆိုရှယ်မီဒီယာများပေါ်တွင် နေ့စဉ်ရှင်သန်နေကြသဖြင့် မှန်ကန်သောအသိအမြင်များထက် မှားယွင်းသောအသိအမြင်များ အားကောင်းလာသောအခါတွင် လူမှုပတ်ဝန်း ကျင်၌ စိတ်မချမ်းမြေ့ဖွယ်ရာများ ပြည့်နှက်လာခဲ့သည်။ ယင်းအချိန်တွင် မမှန်သတင်းများ၊ ကောလာဟလ သတင်းများ၊ ပုံကြီးချဲ့ သတင်းများသည် မီးလောင်ရာလေပင့်သကဲ့သို့ အားကောင်းလာခဲ့သည်။

 

၁၀ နှစ်တာအရှိန်ရလာသော လွတ်လပ်သည့်သတင်းမီဒီယာလောကသည် ၂၀၂၀ ပြည့်နှစ် မြန်မာ့နိုင်ငံရေး အပြောင်းအလဲဖြစ်စဉ်များအတွင်း သတင်းမီဒီယာ လောကပြိုလဲခြင်းဆိုသည်ထက်အွန်လိုင်းမီဒီယာအပါအဝင် သတင်းမီဒီယာလောက ဖောက်ပြန်ပျက်စီးခြင်းဖြစ်သည်။ အဓိကမှာတိုင်းပြည်ကို ပျက်စီးရန်ကြံစည်ကြသည့် ပြည်ပအထောက်အပံ့ခံ ဆိုရှယ်မီဒီယာပလက်ဖောင်းများ အားကောင်းနေသည်ကို တွေ့ရမည်ဖြစ်သည်။ ဆိုရှယ်မီဒီယာပေါ်တွင် တိုင်းပြည်ကို အဆိပ်ခတ်မှိုင်းတိုက်မှုများသည် အမှန်တရားအတွက် နေရာမရှိသလို ဖြစ်နေသည်။ ယနေ့ပြည်တွင်း၌ ဖြစ်ပေါ်နေသော အကြမ်းဖက်လက်နက်အားထက် မီဒီယာအဖျက်လက်နက်အား သည် ပိုမိုအားကမ်းဖက်လက်နက်သလိုဖြစ်နေသည်။

 

သို့ဖြစ်ရာ တိုင်းပြည်ကို ပျက်စီးရာပျက်စီးကြောင်းပြုလုပ်နေသည့် ပြည်ပအခြေစိုက် တရားမဝင်မီဒီယာများအား သတင်းပေးနေသည့် ပြည်တွင်းအခြေစိုက် သတင်းမီဒီယာသမားများအနေဖြင့် အဖျက်မီဒီယာကို သတင်းပေးလျှင် အဖျက်မီဒီယာသမားဖြစ်မည်ကို အထူးသတိချပ်စေလိုပါကြောင်း။   ။

ကြေးမုံ