ဘရာဇီးနိုင်ငံ၌ ဘတ်စ်ကားနှင့်ထရပ်ကား ခေါင်းချင်းဆိုင်တိုက်မိရာ လူ ၄၀ သေဆုံးပြီး ကိုးဦး ဒဏ်ရာရ

၂၆  နိုဝင်ဘာ

           

ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်း၌ ယမန်နေ့က ဘတ်စ်ကားတစ်စီးနှင့် ထရပ်ကားတစ်စီး အပြင်းအထန် တိုက်မိရာ လူ ၄၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသန္တရရဲတပ်ဖွဲ့က ပြောသည်။

           

ဆော်ပေါလိုမြို့တော်၏အနောက်ဘက် ကီလိုမီတာ ၃၅၀ ခန့်အကွာ တာကွိုင်အရပ်၌ ထရပ်ကားတစ် စင်းနှင့် တိုက်မိချိန်တွင် အထည်အလိပ်ကုမ္ပဏီတစ်ခုမှ အလုပ်သမား ၅၀ ခန့်တင်ဆောင်လာသော ဘတ်စ်ကား က နံနက် ၇ နာရီမထိုးမီ လုပ်ငန်းခွင်သို့ သွားရောက်နေချိန်ဖြစ်သည်။

           

အခင်းဖြစ်ရာနေရာ၌ လူ ၃၇ ဦး သေဆုံးခဲ့ပြီး ဒေသတွင်းရှိ အရေးပေါ်ဌာန၌ သုံးဦး သေဆုံးခဲ့ကြောင်း ဒေသန္တရ မီးသတ်သမားများက တွစ်တာလူမှုကွန်ရက်၌ ရေးသားခဲ့သည်။

           

ရုပ်သံပြကွက်များတွင် အဝေးပြေးလမ်းမဝန်းကျင်၌ မော်တော်ယာဉ်နှစ်စင်း၏ ထိုင်ခုံကဲ့သို့သော ပျံ့ကျဲနေသော အစိတ်အပိုင်းများကို ပြသထားသည်။

           

“ထရပ်ကားနဲ့ ဘတ်စ်ကားထဲမှာ ဘယ်သူတွေရှိခဲ့တယ်ဆိုတာ ပြောပြဖို့ မဖြစ်နိုင်ပါဘူး” ဟု ရဲတပ်ဖွဲ့ သတင်းရပ်ကွက်တစ်ခုက ပြောသည်။

           

ယာဉ်တိုက်မှုဖြစ်ပွားရသော အကြောင်းရင်းကို မသိရသေးဘဲ စုံစမ်းစစ်ဆေးနေကြောင်း ဆော်ပေါလိုပြည်နယ်အုပ်ချုပ်ရေးမှူး ဂျိုအာဒိုရီယာက သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားသည်။

           

အပျက်အစီးများအောက် ပိတ်မိနေသူများ လွတ်မြောက်လာစေရန် ကယ်ဆယ်ရေးသမားများက လုပ်ဆောင်နေပြီး ကနဦးသတင်းများအရ လူကိုးဦးမှာ အရေးပေါ်အခြေအနေဖြစ်ကြောင်း သိရသည်။

           

မော်တော်ကားများ၏ အပျက်အစီးများအောက်တွင် နောက်ထပ် သေဆုံး၊ ဒဏ်ရာရရှိသူများရှိသည်ဟု သိရှိသော်လည်း မည်ရွေ့မည်မျှ အတိအကျ မသိကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တစ်ခုက ဆိုသည်။

 

ကိုးကား-AFP

Ref; At least 40 killed in Brazil after bus and truck collide