ဗန်းမော်မြို့နယ်တွင် ငွေကျပ် ၁၃၀၄ ဒသမ ၃ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် အောက်တိုဘာ ၈

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်  အောက်တိုဘာ ၇ ရက် နံနက် ၁၀ နာရီတွင ဗန်းမော်မြို့၊ နမ့်ဖားရပ်ကွက်နေ ငြိမ်းဇော်ဦး၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ မဆုသက်ဝေအား တွေ့ရှိရပြီး နေအိမ် အိပ်ခန်းရှိ လက်ဆွဲအိတ်များအတွင်းမှ ဘိန်းဖြူ ၁ ဒသမ ၅၉ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၄၃,၇၄၀ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

ဆက်လက်၍ စစ်ဆေးပေါ်ပေါက်ချက်အရ ပူးပေါင်းအဖွဲ့က မွန်းလွဲ ၁ နာရီတွင် ဗန်းမော်မြို့နယ်၊ စင့်ကင်ကျေးရွာ (အထက်စု) နေ မအေးစုဝင်း၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ ထွန်းထွန်းနိုင် (ခ) ပြားစိန်၊ မချိုဝင်းသိန်း (ခ) အိဖြူတို့ကို တွေ့ရှိရပြီး နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၂၀၀၊ မချိုဝင်းသိန်း (ခ) အိဖြူထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀ ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ၄င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား