စဉ့်ကိုင်မြို့နယ်တွင် မြစိမ်းရောင်စီမံကိန်းချေးငွေ ကျပ် ၆၄၁၅၀၀၀ဝ ကို ဆဋ္ဌမအကြိမ် ထုတ်ချေး

စဉ့်ကိုင်   အောက်တိုဘာ   ၂၇

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ အောက်တိုဘာ ၂၇ ရက် မွန်းလွဲပိုင်းက အုန်းလက်ကောက်ကျေးရွာရှိ ဘုန်းကြီးကျောင်း ဓမ္မာရုံတွင် မြစိမ်းရောင်စီမံကိန်းကျေးရွာမှ အသင်းသား အသင်းသူများအား ဆဋ္ဌမအကြိမ်မြောက် ချေးငွေ ကျပ် ၆၄၁၅၀၀၀ဝ ကို ထုတ်ချေးပေးခဲ့သည်။

 

စဉ့်ကိုင်မြို့နယ်တွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းများ အဆင့်မြှင့်တင်ခြင်း၊  ကျေးလက် ကုန်ထုတ်လမ်းများ ဖောက်လုပ်ခြင်း စသည့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၁၁၈ ဦးအား ငွေကျပ် ၃၄၈၀၀၀၀ဝ၊

မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၁၀၈ ဦးအား ငွေကျပ် ၂၈၁၅၀၀၀ဝ၊ အရောင်းအ၀ယ်လုပ်ငန်း

လုပ်ကိုင်သူ လေးဦးအား ငွေကျပ် ၁၂၀၀၀၀ဝ စုစုပေါင်း အသင်းသား အသင်းသူ ၂၃၀ အတွက် ငွေကျပ် ၆၄၁၅၀၀၀ဝ ကို ပြန်လည်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

 

၀င်း၀င်းသန်း(စဉ့်ကိုင်)