ဂျပန်နိုင်ငံ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံမှုခံယူပြီးဖြစ်

တိုကျို အောက်တိုဘာ ၂၇ 

ဂျပန်နိုင်ငံ၌ နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်သည် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးနှစ်ကြိမ်ထိုးနှံမှု ခံယူပြီးဖြစ်ကြောင်း ဂျပန်နိုင်ငံအစိုးရက အောက်တိုဘာ ၂၆ ရက် ကအတည်ပြု ပြောကြားခဲ့သည်။ 

ဂျပန်နိုင်ငံအစိုးရတာဝန်ရှိသူများ၏ပြောကြားချက်အရနိုင်ငံလူဦးရေ၏၈၈ ဒသမ ၈ သန်းနီးပါး သို့မဟုတ် ၇၀ ရာခိုင်နှုန်းကျော်သည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံမှုခံယူပြီးဖြစ်ကြောင်းနှင့် ၉၇ ဒသမ ၂ သန်းခန့်သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အနည်းဆုံးတစ်ကြိမ် ထိုးနှံမှုခံယူပြီးဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဂျပန်နိုင်ငံ၌ နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှု အစီအစဉ်အောက်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ ၁၈၆ သန်းခန့် အသုံးပြုပြီးဖြစ်ကြောင်း သိရသည်။ 

ဂျပန်နိုင်ငံအစိုးရသည် နိုဝင်ဘာလအစောပိုင်းကာလအတွင်း နိုင်ငံသားတိုင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးဖြစ်ရန် ရည်ရွယ်ထားကြောင်းလည်း သိရ သည်။

ကိုးကား-အင်န်အိတ်ချ်ကေ၊ ဘာသာပြန်-အလင်းသစ်